About Go back Home

Htaung Kyint

HTAUNG ZA KYINT
htuangzcin@gmail.com
09250067281

ကျေးဇူးတော်ချီးမွမ်းခြင်း

ရှေးဦးစွာ ဤ Website စာမျက်နှာများကို ရေးသားနိုင်ရန် ဥာဏ်ပညာပေးသော အဖဘုရားသခင်အပေါ် ကျေးဇူးတော်ချီးမွမ်းပါတယ်။ ဓမ္မတေးသီချင်းများရဲ့ software ဖိုင်များကို အသုံးပြုခွင့်ပေးသော ZCLS နှင့် Rev. Dr. Nang Sawm Piang တို့အပေါ်မှာလည်း ကျေးဇူးတင်ရှိပါတယ်။ Word, Powerpoint, Pdf ဖိုင်များဖြစ်အောင် ပြုလုပ်ပေးကြတဲ့ Sia Pau Siam Kim, Tg. Khen Zom Thang, Lia Ngin San Lun, Sm. Cing Zam Kim တို့အပေါ်မှာလည်း ကျေးဇူးတင်ရှိပါတယ်။

ရည်ရွယ်ချက်

မိမိအနေဖြင့် အသင်းတော်တွင် (TBC-Y) Church Media အပိုင်းမှ ဝါသနာပါဖြစ်သည်ကတစ်ကြောင်း၊ အသုံးတော်ခံခွင့်ရသည့်အတွက် ၂၀၁၁ ဝန်းကျင်မှ စတင်ကာ မိမိတတ်စွမ်းသည့်ဘက်မှ Information, Technology, Media များကို ဖွံ့ဖြိုးတိုးတက်နိုင်ရန် တာဝန်ထမ်းဆောင်ရခဲ့ပါသည်။ ဤနေရာတွင် အသင်းတော်များ၏ Communication ကဏ္ဍတွင် ကြုံလေ့ရှိရသည့် သီချင်းစာသားများ တခဏခြင်းအတွင်း မဖော်ပြနိုင်ခြင်းများရှိခဲ့ပါသည်။ ထိုအထဲတွင်မှ ဓမ္မတေးသီချင်းများကို ရွေးချယ်ကာ website စာမျက်နှာစတင်ဖွဲ့စည်းရန် ရူပါရုံရရှိခဲ့ခြင်းဖြစ်ပါသည်။ မိမိအနေဖြင့် အသင်းတော်၏ ပြန်ကြားဆက်သွယ်ရေးကော်မတီဖြင့်တိုင်ပင်ကာ ကော်မတီအနေဖြင့် ၂၀၁၈အတွက် Church Media များကို ICT နည်းပညာဖြင့်ထောက်ပံ့ခြင်း စီမံကိန်းတစ်ခုအဖြစ် စီစဥ်ခဲ့ပါသည်။ အသင်းတော်ဆောင်ပုဒ်ဖြစ်သော For Christ & our people ဆိုသည့်အရာကိုလည်း အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ပါတယ်။ ယုံကြည်သူအယောက်စီတိုင်းအတွက် ရည်ရွယ်ခြင်းလည်း ဖြစ်သကဲ့သို့၊ အသင်းတော်များမှ မီဒီယာဖြင့် အမှုတော်ထမ်းရွက်နေသူများအတွက် ရည်ရွယ်ပါသည်။

မေတ္တာရပ်ခံခြင်း

Tedim Hymn မှာ လက်ရှိတွင် သီချင်းစာသားများအား ပြန်လည်မွမ်းမံလျက်ရှိပါသည်။ ဤ website တွင်မူ Tedim Labu 7th edition ကိုသာ ဖော်ပြထားပါသည်။ နောက်ပိုင်းထွက်လာသော version များကိုလည်း တစ်ခုအဖြစ် သီးသန့် ပြန်လည်ဖော်ပြပေးသွားနိုင်ရန် ကြိုးစားသွားပါမည်။ Text, PDF, Powerpoint, Midi ဖိုင်များတွင် လွဲချော်မှုများရှိပါက 09250067281 သို့ sms ပေးပို့ပေးပါရန် မေတ္တာရပ်ခံပါရစေ။

PDF file ကတော့ နောက်ဆုံး version ဖြစ်သွားပါတယ်။

Login / Register

ဤကဏ္ဍသည် data ထည့်သွင်းရန်အတွက် ဖြစ်ပါသည်။ Register ပြုလုပ်ရန်အတွက်မူ passcode လိုအပ်ပြီး အဖွဲ့အစည်းမှ သက်ဆိုင်သူများအတွက်ရည်စူးပါတယ်။